Posts

Showing posts from December, 2022
Image
  ရှင်မွေးလွန်း မင်းနန္ဒာ ဦးမောင်မောင်ပြေ ရေးသည် Shin-Mway-Loon and Min-Nanda By Maung Maung Pye Tales of Burma Macmillan and Co., Ltd, 1952   မြန်မာ့ရိုးရာပုံပြင်တွေမှာ သနားစရာအကောင်းဆုံး ပုံပြင်တပုဒ်ကတော့ ရှင်မွေးလွန်း  မင်းနန္ဒာ အကြောင်းပါပဲ။ One of the most pathetic stories in Burmese folk-lore is that of Min-Nanda and Shin-Mway-Loon. သံလျင်မင်းကြီးဟာ သောကဗျာပါရ နှိပ်စက်လွန်းလို့ နန်းတော်ထဲမှာ အိပ်မပျော်နိုင်အောင် ဖြစ်နေရှာတယ်။ ရွှေသလွန်ပေါ်မှာ ဗယ်ပြောင်းညာလှိမ့်နဲ့ စိတ်မတည်မငြိမ် ဖြစ်နေတော့တယ်။  တညလုံး ပဟိုရ်သံနဲ့အမျှ အချိန်တွေ ပြောင်းနေပေမယ့် မင်းကြီး မြတ်နိုးလှတဲ့ မိဘုရားရဲ့ သတင်းကိုဖြင့် တစွန်းတမျှ မကြားရသေးဘူး။ The king of Syriam lay sleepless in his palace, tormented by anxiety. He turned restlessly to and fro on his golden couch. All through the night the time-drum had signaled the passing hours, but still there was no news of his beloved queen. When the dawn broke, the king could bear the suspense no longer. He made his way to the queen's apartments, but ...
Image
  သူခိုး ငတက်ပြား ဦးမောင်မောင်ပြေ ရေးသည် Nga Tat Pya, the Daring Robber By Maung Maung Pye Tales of Burma Macmillan and Co., Ltd, 1952   တခါတုန်းက သိပ်ရဲတဲ့သူခိုးကြီး ငတက်ပြားဆိုတာ အထက်မြန်မာပြည် စစ်ကိုင်းမှာ နေတယ်။ ညတိုင်း ဧရာဝတီမြစ်ကြီးကို သူ့လှေကလေးနဲ့ဖြတ်ပြီး အင်းဝမြို့တော်ကို ကူးတတ်သတဲ့။ ရောက်တဲ့အခါ မှူးမတ် သူဌေးသူကြွယ်တွေအိမ်တွေထဲမှာ ဘယ်အိမ်ကိုများ ခိုးရကောင်းမလဲဆိုတာ တိတ်တဆိတ် ထောက်လှမ်းသတဲ့။ ပြီးတော့ ရတနာတွေ ရနိုင်သမျှ ပစ္စည်းတွေကို ခိုးသတဲ့။ A daring robber, whose name was Nga Tat Pya, once lived near Sagaing in Upper Burma. Every night he used to cross the river Irrawaddy in his little boat and make his way to the city of Ava. Arriving there, he would stealthily survey the houses of ministers and rich men, and where he found that it was possible to break in he did so, and stole any jewels and other possessions on which he could lay his hands. ငတက်ပြားက အဲဒီလို လူဆိုးသူဆိုးကြီးဖြစ်ပေမယ့် ဆင်းရဲသားတွေကိုတော့ ဒုက္ခမပေးတဲ့အပြင် ကူတောင်ကူသေးတယ်။ သူ အခိုးခံရတဲ့သူတွေကတော့ ည...
Image
  "အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုအပေါ် ရဲဘော်သုံးကျိပ်၀င် ဗိုလ်ကျော်ဇော၏ သုံးသပ်ချက်" ================================= မေးခွန်းအမှတ်(၁) မေး။ ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဘယ်သူလဲလို့ ခင်ဗျား ထင်မြင်ပါသလဲ။ ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဗြိတိသျှအစိုးရ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ကြံမှုကြီး ဖြစ်ပါတယ်။ မေးခွန်းအမှတ် (၂) မေး။ ။ သင် … ဘာကြောင့် ဒီလို ပြောသလဲ။ ဖြေ။ ။ ဘာကြောင့်လဲဆိုရင် …… သူ အသတ်ခံရတာမှာ အကြောင်းရင်း (၃)ခု ရှိတယ်လို့ ကျနော် ထင်မြင်ပါတယ်။ (က) ပထမတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူ ခေါင်းဆောင်ဖြစ်တယ်။ ထို့ကြောင့် သူတို့ဟာ မြန်မာပြည် တပြည်လုံး စည်းလုံး ညီညွတ်သွားမှာကို ကြောက်ကြတယ်။ ဒါဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ (ခ) ဒုတိယကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြန်ပြီး စည်းလုံးညီညွတ် သွားနိုင်တယ်။ သူတို့ဟာ ဒီအချက်ကို ပူပန် စိုးရိမ်နေတယ်။ (ဂ) တတိယကတော့ သူတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကို လွယ်ကူစွာ ကိုင်တွယ်သွားနိုင်လိမ့်မယ်လို့ ...
Image
"လှချင်လွန်းလို့" •••••••••••••••••• #မန်းတင် စိတ်မနှံ့သူများသည် ကျွန်ုပ်အဘို့ စိတ်ဝင်စားစရာကောင်းသူများ ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့လောကနှင့်မတူသော စိတ်ကူးလောကကြီးတွင် နေထိုင်ကြသည်။ သူတို့မြင်သောဝတ္ထုကို ကျွန်ုပ်တို့ မမြင်နိုင်။ သူတို့ကြားသော အသံကို ကျွန်ုပ်တို့ မကြားနိုင်။ သူတို့နှစ်သက်သော အရာကို ကျွန်ုပ်တို့ မနှစ်သက်နိုင်။ သူတို့၏ စိတ်ကူးလောကကို မည်သူမျှ အုပ်ချုပ်၍ မရ။ ဘယ်ဥပဒေနှင့်မျှ သူတို့အပြုအမူကို မတားဆီးနိုင်။ ဘယ်အကြောင်း ပြချက်မှ သူတို့ နားဝင်လိမ့်မည်မဟုတ်။ သူတို့အဘို့ မလုပ်ကိုင်နိုင်သောအရာ၊ မဖြစ်မြောက် မအောင်မြင်နိုင်သော ကိစ္စဟူ၍ မရှိ။ မင်းသား မင်းသ္မီးအဖြစ်သို့လည်း​ကောင်း၊ ဧကရာဇ်မင်းကြီး နတ်မင်းကြီးဘဝသို့လည်း​ကောင်း၊ ခဏချင်း ရောက်ရှိနိုင်ကြသည်။ လောက၏ အာရုံခြောက်ပါးကို လျှပ်တပြက်အတွင်း ခံစားနိုင်ကြသည်။ တကမ္ဘာလုံးရှိ ပစ္စည်းဥစ္စာ ရတနာတို့ကိုလည်း လက်ဖျစ်တတွက်အတွင်း သိမ်းပိုက်နိုင်ကြသည်။သူတို့သည် အစဉ်သဖြင့် သန်စွမ်းခြင်း၊ လှပခြင်း၊ ငယ်ရွယ်ခြင်း၊ ချစ်ဘွယ်ကောင်းခြင်းနှင့် ပြည့်စုံနိုင်ကြသည်။ လောကတွင် သူတို့သာလျှင် အတိုင်းမသိ ပျော်ရွှင်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ...
Image
  "ထန်းသမားထေကြီး" ~~~~~~~~~~~~ #သော်တာဆွေ ထန်းသမားထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြရပါမူ... (၁) ထန်းသမားထေကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက် မသောက်ခြင်း။ (၂) ရေချိုးလေ့မရှိခြင်း။ “ငါ့ချီး.... ရေချိုးလို့သေတဲ့မသာ ရှိတယ်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကွ” သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။ “ကိုထေကြီး.. ခင်ဗျားကိုယ်က ချွေးတွေ၊ ​ညှော်တွေနဲ့ စေးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေဘူးလား" “ဟင့်အင်း... မနေဘူးကွ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ” ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍(သို့မဟုတ်) ရေချိုးချိန်တန်၍ မချိုးရပါက မည်မျှဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန်ကင်းဝေးလျက် ရှိလေပြီ။ အများမျက်မြင်အားဖြင့် ထေကြီးကိုယ်မှာ ချေးကွက်တွေ အထပ်ထပ် ပြီး၍ ရွံဖွယ်လိလိရှိသည်။ မည်သူသည် သူနှင့် ကိုယ်ချင်းထိတွေ့ချင်ပါအံ့နည်း။ သို့သော် သူ့မှာ အများနည်းတူ သားမယားနှင့်ဖြစ်၏။ သာမဏေန သာမဏာဂေါနေနောနေ ဆိုဘိသို့ သူ့မယားလည်း သူ့လိုပဲ ညစ်ပတ်ပါ၏။ အဲ... ဖအေရော မအေရော ညစ်ပတ်ပြီဆိုတော့ သားသမီးများ အထူး...