ရှင်မွေးလွန်း မင်းနန္ဒာ ဦးမောင်မောင်ပြေ ရေးသည် Shin-Mway-Loon and Min-Nanda By Maung Maung Pye Tales of Burma Macmillan and Co., Ltd, 1952 မြန်မာ့ရိုးရာပုံပြင်တွေမှာ သနားစရာအကောင်းဆုံး ပုံပြင်တပုဒ်ကတော့ ရှင်မွေးလွန်း မင်းနန္ဒာ အကြောင်းပါပဲ။ One of the most pathetic stories in Burmese folk-lore is that of Min-Nanda and Shin-Mway-Loon. သံလျင်မင်းကြီးဟာ သောကဗျာပါရ နှိပ်စက်လွန်းလို့ နန်းတော်ထဲမှာ အိပ်မပျော်နိုင်အောင် ဖြစ်နေရှာတယ်။ ရွှေသလွန်ပေါ်မှာ ဗယ်ပြောင်းညာလှိမ့်နဲ့ စိတ်မတည်မငြိမ် ဖြစ်နေတော့တယ်။ တညလုံး ပဟိုရ်သံနဲ့အမျှ အချိန်တွေ ပြောင်းနေပေမယ့် မင်းကြီး မြတ်နိုးလှတဲ့ မိဘုရားရဲ့ သတင်းကိုဖြင့် တစွန်းတမျှ မကြားရသေးဘူး။ The king of Syriam lay sleepless in his palace, tormented by anxiety. He turned restlessly to and fro on his golden couch. All through the night the time-drum had signaled the passing hours, but still there was no news of his beloved queen. When the dawn broke, the king could bear the suspense no longer. He made his way to the queen's apartments, but ...